Monday, December 26, 2011

၉ / ဘဝ

တစ်ရက် နှစ်ရက်...

တစ်လ နှစ်လ...

ဒီလိုနဲ့ပဲ

သူ့ပခုံးပေါ်လဲ အိပ်ဖူးရဲ့။

သူ့နဖူးလည်းနမ်းဖူးရဲ့။

သူ့ရှေ့တော်မှောက်လည်း ဒူးထောက်ဖူးရဲ့။

သူ့မျက်စောင်းဒဏ်လည်း ကျေနပ်စွာခံယူဖူးရဲ့။

ထားပါလေ။

လက်တွဲခဲ့တာပဲ မြဲဖို့အရေးကြီးတာပဲလေ။

ခွင့်လွှတ်ခြင်းတွေ

နားလည်မှုတွေ

တခါတလေလဲ ပျောက်ရှ၊

အတ္တတွေကို ချိုးနှိမ်ပြီး ရှေ့ဆက်ကြ။

လဲကျတဲ့အခါ ဖေးကူရင်း

ဖြူစင်တဲ့ မေတ္တာနဲ့

သစ္စာရှိရှိ လျှောက်လှမ်းရင်း


ကြယ်တွေကြွေတဲ့ ညတွေဆုတောင်းရင်း

ဒီနေ့  ဒီအချိန် ဒီနေရာ ဒီကဗျာအထိ

အမှတ်တရ ရှိနေမိတာ လုံးဝမညာဘူး

စကားပြောကောင်းသူတစ်ယောက်

မဟုတ်တဲ့ ငါ့အတွက်

ဘယ်ဘက်ရင်အုံမှာ သူ့အတွက်

ချစ်ခြင်းတွေ အပြည့်နဲ့။